ပလောက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပေးနှိုးဆော်

ပလောက် စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာရမည့်စည်းကမ်းချက်များကို ယမန်နေ့ည ၇ နာရီက ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခဲ့သည်။

အဆိုပါ နှိုးဆော်ရာတွင် ပလောက်မြို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ပလောက်မြို့ပရဟိတအဖွဲ့တို့ ပူးပေါင်း ၍ အပြင်သွားတိုင်းနှာခေါင်းစည်းတပ်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစနစ်တကျမကြာခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခွာနေရန်၊ တတ်နိုင်သမျှ အပြင်သွားလာခြင်းကိုရှောင်ရှားရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ 

နိုင်ဦး