ပဲခူး ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီကရွှေမော်ဓောစေတီ တော်မြတ်ကြီးရင်ပြင်တော်၌ ပဲခူးမြို့နယ်အတွင်းရှိ ဘုရားအမှူးပြုသော သုံးဂိုဏ်းဝင် သံဃာတော် အရှင်သူမြတ်အပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်များက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)