ဝါးခယ်မမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ ပြည်သူများပျော်ရွှင်စွာရေကစား

ဝါးခယ်မ  ဧပြီ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယမန်နေ့နံနက် သင်္ကြန်အကြတ်နေ့တွင် ရေပတ်ခံကစားသူပြည်များဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ တစ်နှစ်လျှင် တစ်ကြိမ်သာကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်ကြည်နူးစွာ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အတာသင်္ကြန်အကြတ်နေ့တွင် ပြည်သူများပျော်ရွှင်ဝမ်းမြောက်စွာရေကစားနိုင်ပြီး စတုဒိသာအကျွေးအမွေးများကိုလည်း ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများမှ သင်္ကြန်ကာလတစ်လျှောက် ကျွေးမွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ၊ ပြန်/ဆက်)