မြန်အောင် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ်(၅၁) ခြေလျင် တပ်ရင်း အတာသင်္ကြန် ရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်က ယိမ်းအကဖျော်ဖြေရေးများ၊ တေးသီချင်း ဖျော်ဖြေရေးများ၊ ရေကစားသူများနှင့် စည်ကားလျက်ရှိကြောင်းသိရသည်။
အမှတ်(၅၁)ခြေလျင်တပ်ရင်း အတာသင်္ကြန်ရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအက ဖျော်ဖြေရေး အဖွဲ့တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း နှင့်ဇနီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သူရိန်ထွန်းနှင့်ဇနီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို ရေကစားသူများဖြင့် အေးချမ်း ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်။
ဝင်းဗိုလ်(မြန်အောင်)