အင်္ဂပူ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခ ရိုင် အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီးတွင် ယနေ့ တန်ခူးလပြည့်နေ့ (မဟာသင်္ကြန်အကြတ်နေ့) နံနက်ပိုင်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း၂၄ ကျောင်းမှ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ကျောင်း (၆) ကျောင်းမှ သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့သည်။
မဟာသင်္ကြန်ကာလအတွင်း အင်္ဂပူမြို့သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော စေတနာရှင်များစု ပေါင်းပြီး(မဟာသင်္ကြန်အကြတ်နေ့မှ နှစ်ဆန်း၁ရက်နေ့)အထိ စတုဒိသာများ တိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။
မန်းကျော်(အင်္ဂပူ-ပြန်/ဆက်)