မင်းဘူး ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် မဟာသင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅ ရက်နေ့)တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ် လမ်းလျှောက်သင်္ကြန်အပါအဝင် ရေကစားမဏ္ဍပ် (၃)ခုဖြင့် ကျင်းပပြုလုပ်လျှက်ရှိရာ ရေကစားမဏ္ဍပ်များတွင် ပြည်သူများက လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး မင်းဘူးဦးဩဘာသ မြို့နယ်ခန်းမရှိ လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာများက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။
မောင်မောင်(မင်းဘူး)