ဆင်ပေါင်ဝဲ ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ယနေ့နံနက် ၈ နာရီအချိန်က စတုဒိသာကျွေးမွေးခြင်း၊ သီဆိုဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများဖြင့် ဗဟိုမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
အဆိုပါ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ ပြည်သူများက ပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ်သက်ဆိုင်ရာ ရပ်ကွက်များအလိုက်၊ လမ်းများအလိုက်၊ ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားကြရာ စတုဒိသာကျွေးမွေးဧည့်ခံမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)