လက်ပံတန်း ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့ လက်ပံတန်းမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
ရေကစားရာတွင် မြို့မဗဟိုမဏ္ဍပ်၌ ရွှေလက်ရာတေဂီတအဖွဲ့နှင့် ခလရ(၃၅)ခြေလျင်တပ်ရင်း ယိမ်းအဖွဲ့တို့က ကပြဖျော်ဖြေခဲ့ကြပြီး ရပ်ကွက်ကျေးရွာများ၌ စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း၊ ရေပက်ခံ အဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာများ ဝင်ရောက်သုံးဆောင်ကာ ရေပက်ခံထွက်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)