သရက် ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်(၂၈၃)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု အစုစု(၅၄)ကြိမ်မြောက် လောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ လောင်းလှူပွဲကို ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော်က ဦးဆောင်၍ ရပ်ကွက်အသီးသီးမှ အလှူရှင် စေတနာရှင်များ စုပေါင်း၍ လစဉ် လပြည့်နေ့တိုင်း သာသနာ့အနွယ်ဝင် သီလရှင်များအား လောင်းလှူလျက်ရှိရာ ယခုအကြိမ်တွင် ဝါဆိုသီလရှင်(၆၂)ပါးနှင့်ဒုလ္လပတ် သီလရှင်(၂၂၁)ပါး သီလရှင် (၂၈၃)ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ဝတ္ထုငွေအသုံးဆောင်ပစ္စည်းများ စသည်တို့ကို လောင်းလှူခဲ့ပြီး အလှူရှင်များက ဆင်ဖြူတော်ကျောင်းဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှတန်းဝေခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)