မြို့သစ်မြို့တွင် နှစ်သစ်ကူးသင်္ကြန်ပွဲအကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

မြို့သစ် ဧပြီ ၁၅

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲအကြတ်နေ့ကို ယနေ့နံနက်ပိုင်းက အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ သင်္ကြန်အကြတ်နေ့တွင် ရေပက်ခံထွက်သူများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရေကစားမဏ္ဍပ်မှ မုန့်လက်ဆောင်စတုဒိသာအကျွေးအမွေးများဖြင့် စည်ကားခဲ့သည်။

သင်္ကြန်အကြတ်နေ့တွင် မြို့သစ်မြို့နယ်တစ်ခွင်လုံး၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာ အမွေအနှစ်ကောင်းများကို ထိန်းသိမ်းခြင်းဖြင့် အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်မြူးတူးစွာ ရေကစားကြရာ မြို့ပေါ်ရှိလမ်းတစ်လျှောက်နှင့်မြို့တွင်းအနှံ့ သင်္ကြန်ရေကစားမဏ္ဍပ်များ၌ စည်ကားလျက်ရှိကြောင်းတွေ့ရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)