ပဲခူး ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်နှင့် လိပ်ပြာကန်မဏ္ဍပ်များ၌ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ် နေ့တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေကစားလျက်ရှိသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဗဟိုမဏ္ဍပ်ရှေ့ ဆေးရုံဟောင်းလမ်းပေါ်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒိသာနှင့် ရေကစားမဏ္ဍပ် (၁၆)ခုရှိ လမ်းလျှောက်သင်္ကြန်အား ပြည်သူများ ပါဝင်ဆင်နွှဲလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေစဉ်ကျွေးမွေးလှူဒါန်းသည့် စတုဒီသာမဏ္ဍပ်တွင် ထမင်း+ဟင်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒိသာမဏ္ဍပ်များတွင် မြန်မာ့ရိုးရာ အစားအစာများကိုလည်း ဧည့်ခံကျွေးမွေး လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေကြသည့် ယိမ်းအဖွဲ့များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတွင်းရေးမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အကြိုနေ့မှ အတက်နေ့ အထိ နိုင်ငံကျော်အနုပညာရှင်/အဆိုတော် မိုးအောင်ရင်၊ ပူစူး၊ အစ္စဏီ၊ ပွင့်နဒီမောင်နှင့် အခြားအနုပညာရှင် အဆိုတော်များဖြင့် စည်ကား သိုက်မြိုက်စွာ ပါဝင်သီဆိုဖျော်ဖြေပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကိုတွတ်(ပြန်/ဆက်)