မြိတ် ဧပြီ ၁၅
၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များဖြင့် နှစ်သစ်ကူးပွဲတော်ကို သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့နှင့် ယနေ့သင်္ကြန်အကြတ်နေ့တို့တွင် အေးချမ်းပျော်ရွင်စွာ ဆင်နွှဲလျက်ရှိကြသည်။
မြိတ်မြို့၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအက အဖွဲ့များက ယိမ်းအက အကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်၍ လမ်းသွားလာပြည်သူ များအား နှစ်သစ်ကူးသင်္ကြန်ရေများ ပက်ဖျန်းပေးလျက်ရှိသည်။
ထို့အတူ ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင်လည်း သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်၍ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )