ပိုင်ကျုံ ဧပြီလ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ မြန်မာ့ရိုးရာဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလျက်ရှိပြီး ၁၃၈၃ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသည်။
ထို့ပြင် မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာများအလိုက် စတုဒိသာမဏ္ဍပ်များတွင် မုန့်လက်ဆောင်း၊ ရွှေရင်အေးနှင့် မုန့်လုံးရေပေါ်တို့ကို ဧည့်ခံကျွေးမွေးလျက်ရှိရာ၊ ရေပက်ခံအဖွဲ့များ၊ စက်ဘီးများ၊ မော်တော်ဆိုင်ကယ်၊ အငှားယာဉ်နှင့်ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားသူများသည် ဧည့်ခံကျွေးမွေးသော စတုဒိသာများ ကို ဝင်ရောက် သုံးဆောင်ကြကြောင်း သိရသည်။
နော်ခူး(ပြန်ဆက်)