သာယာဝတီ ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင် မြန်မာ့ရိုးရာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြတ်နေ့၌ စည်ကားပျော်ရွှင်စွာ အကအလှများဖြင့်ကျင်းပလျက်ရှိပြီး သာယာဝတီမြို့နယ်၊ ဆရာကြီးပီမိုးနင်း၏ မွေးရပ်မြေဖြစ်သော သုံးဆယ်မြို့၏ကျက်သရေဆောင်ကန်သာယာကန်(WE LOVE LOVE THONZE) ရေကစားမဏ္ဍပ်တွင်လည်း သင်္ကြန်အကျနေ့မှစ၍ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာ ကျွေးမွေးမှုများဖြင့် ပျော်ရွှင်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်္ကြန်ပွဲတော်ကျင်းပရာတွင် သာယာဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် အစီအစဉ်အလိုက် အေးချမ်းပျော်ရွှင်စွာ သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး ပြည်သူများအနေဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)