သရက်မြို့၌ သင်္ကြန်အကျနေ့ အေးချမ်းပျော်ရွှင်စွာရေကစား

သရက် ဧပြီ ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မဟာသင်္ကြန်ပွဲတော် အကျနေ့ ညနေပိုင်းတွင် ဗဟိုမဏ္ဏပ်တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များမှယိမ်းအဖွဲ့များမှ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေလျက်ရှိရာ ပြည်သူများမှ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။

ဘုရားကျောင်ကန်များတွင် သီလဆောက်တည်သူများနှင့်စည်ကားလျက်ရှိပြီး ဘုန်းတော်ကြီး ကျောင်းများတွင် ဒုလ္လဘရဟန်းနှင့် သီလရှင်များ၊ ယောဂီများမှ တရားအားထုတ်လျက်ရှိရာ ပေတင် ဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်း(၁၁၇)ပါး၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတွင် အပါး(၅၀) တို့မှ မြို့ပေါ်ရပ်ကွက်များသို့ နေ့ဆွမ်းလှည့်လည်အလှူခံလျက်ရှိရာ ရပ်ကွက်အတွင်းရှိ စေတနာရှင် အလှူရှင်များက ဆွမ်းခဲဘွယ်နှင့် ဝတ္တုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)