ဝေါမြို့ရေကစားမဏ္ဍပ်နှင့် ပန်းခြံအတွင်း ပြည်သူများပျော်ရွှင်စွာရေကစားပြီး စတုဒိသာကျွေးမွေးဧည့်ခံမှုများ၊ ဥပုသ်သီလစောင့်တည်သူများနှင့်စည်းကား

ဝေါ ဧပြီ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ သင်္ကြန် (အကြတ်)နေ့၌ ဝေါမြို့မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရင်းယှဉ်ပြိုင်၊ ယှဉ်ပြိုင်ရင်း ဖျော်ဖြေမှုအနေ ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် မြူးမြူးကြွကြွ ယှဉ်ပြိုင်ဖျော်ဖြေမှုနှင့်အတူ အဆို၊ အက ဝါသနာရှင်များကလည်း ပါဝင်သီဆိုဖျော်ဖြေပေး လျက်ရှိရာ  ပြည်သူများ ပျော်ရွှင်စွာကြည့်ရှုအားပေးကာ လှည့်လည်ရေကစားကြကြောင်း သိရသည်။

ထို့အတူ ဝေါမြို့နယ်အတွင်းရှိ ပန်းခြံများ၊ ရပ်ကွက်များတွင် ပြည်သူများပျော်ရွှင်စွာရေကစားကြပြီး စတုဒိသာအကျွေးအမွေး ဧည့်ခံမှုများ နှင့် အတူ မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလတွင် ရိုးရာယဉ်ကျေးမှုနှင့်အညီ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်တည်သူများလည်းရှိကြောင်း သိရသည်။

စိုးမိုး (ပြန်/ဆက်)