ဖျာပုံ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပါဝင်ရေပက်ကစားလျက်ရှိကြသည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ယိမ်းအဖွဲ့နှင့် ဖျော်ဖြေရေးအစီအစဉ်များကို အေးချမ်းပျော်ရွှင်စွာ သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရေကစားမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပါဝင်ရေပက်ကစားလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်