အုတ်တွင်း ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲကို သင်္ကြန်အကြိုနေ့မှစ၍ ယနေ့ထိ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိပါသည်။ ရေပက်ခံထွက်သူများ၊ ရေပက်သူများ၊ သင်္ကြန်မဏ္ဍပ်တွင်တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများအပြင် ဈေးရောင်းချ သူများဖြင့် စည်ကားခဲ့ပါသည်။
နှစ်သစ်ကူး သင်္ကြန်ပွဲကို သင်္ကြန်အကြိုနေ့မှစ၍ ယနေ့ထိ အုတ်တွင်းမြို့နယ်အတွင်း၌ အတာရေပက် ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူ ပြည်သူများသည်မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာ အမွေအနှစ်ကောင်းများကိုထိန်းသိမ်းကာ ယိမ်းအက၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ အဆိုအကတို့ဖြင့် အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားကြရာ နဝဒေးလမ်း၊ ပြည်-ပေါက်ခေါင်းလမ်းနှင့် ဈေးရပ်ကွက်၊ ဓမ္မစေတီလမ်းတလျှောက်တို့၌ စည်ကား လျက်ရှိကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)