ငွေဆောင် ဧပြီ ၁၄
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေ၌ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ရုံးပိတ်ရက်တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကာ လုံခြုံစိတ်ချမ်းမြေ့စွာဖြင့် အပန်း ဖြေလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပန်းဖြေသူများ စည်ကားလျက်ရှိသဖြင့် စျေးရောင်းချနေကြသည့် ဒေသခံများအနေဖြင့် ဝင်ငွေများ ပိုမိုရရှိလျက်ရှိကြောင်း၊ ယခင်နှစ်က လာရောက်သူနည်းပါးသည့်အတွက် ဈေးရောင်း ဝယ်မှု မကောင်းခဲ့ကြောင်း၊ ယခုနှစ်လာရောက်အပန်းဖြေသူ၊ တည်းခိုသူများ များပြားသည့် အတွက် ဈေးရောင်းဝယ်မှု ကောင်းမွန်ကြောင်း ဒေသခံဈေးရောင်းဝယ်သူများထံမှ သိရသည်။
ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ရုံးပိတ်ရက် မတိုင်ခင်မှစ၍ နေ့စဉ်လာရောက်သူများပြားလျက်ရှိကာ သင်္ကြန်ပိတ်ရက်တွင် လာရောင်သူ ပိုမိုများပြားကြောင်း၊ သင်္ကြန်အကျနေ့ (ယနေ့)တွင် လည်း နေ့ချင်းပြန်လာရောက်သူများ၊ တည်းခိုနေထိုင်၍ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ လာရောက်သူများပြားနေသဖြင့် အပန်းဖြေသူများ လုံခြုံအေးချမ်းပြီး စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန်အတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်လျက်ရှိပြီး စျေးရောင်းချသည့် ဒေသခံများ သတ်မှတ်နေရာများ၌ ရောင်းချရန်၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန်တို့အား တာဝန်ရှိသူများက လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသဖြင့် လာရောက်အပန်းဖြေသူများ အနေဖြင့်လည်း စိတ်ချမ်းမြေ့စွာ အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ငွေဆောင်(ပြန်/ဆက်)