ရေနံချောင်းမြို့၌ လေဘေးသင့်နေအိမ်များအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့မှုပစ္စည်းများ နေအိမ်များအရောက် သွားရောက်ကူညီထောက်ပံ့လှူဒါန်း

ရေနံချောင်း ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၌ ဧပြီလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များရှိရာ မကြီးကန်ကျေးရွာအုပ်စု၊ စမ်းကန်ကြီးကျေးရွာမှ မိသားစု နေအိမ် (၃)လုံး၊ ရွာသစ်ကန်ချိုင်ရပ်ကွက်မှ မိသားစုနေအိမ် (၁)လုံးတို့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသော လေဘေးသင့်ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သော တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ မြို့နယ်တပ်ဖွဲ့ခွဲမှူး ဦးကျော်စိန်မြနှင့်  တာဝန်ရှိ သူများက နေအိမ်များအရောက် သွားရောက်ကူညီ ထောက်ပံ့လှုဒါန်းခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ