ငရုတ်ကောင်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ဂျော်ရန်ဂျီကျွန်းကမ်းခြေ၌ နှစ်သစ်ကူးရုံးပိတ်ရက် သင်္ကြန်အကျနေ့တွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဂျော်ရန်ဂျီကျွန်းကမ်းခြေတွင် သင်္ကြန်ကာလများ၌ လာရောက်အပန်းဖြေသူများပြားလာစွာ တွေ့ရပြီး ဟိုတယ်/မိုတယ်နှင့် တည်းခိုဆောင်များတွင် တည်းခိုသူများ အပြည့်ပင်ဖြစ်ကြောင်း တည်းခိုဆောင်/ဘန်ဂလိုဆောင်များမှ တာဝန်ရှိသူများထံမှသိရသည်။
ဂျော်ရန်ဂျီကျွန်းကမ်းခြေတွင် စျေးဆိုင်များ၊ စားသောက်ဆိုင်များတွင်လည်း ဒေသအစားအစာများ ရောင်းကောင်းလျက်ရှိပြီး သင်္ကြန်ကာလများ၌ လာရောက်သူများ အေးချမ်းစွာ အပန်းဖြေနိုင်ရန်၊ ကမ်းခြေစျေးရောင်းချသည့်စျေးသည်များ သတ်မှတ်နေရာများတွင် စနစ်တကျရောင်းချနိုင်ရန်နှင့် အပျော်စီးစက်လှေငယ်များ သတ်မှတ်လူဦးရေထက် ပိုမိုမတင်ဆောင်ကြရန် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြုံးမောင်မောင်(ငရုတ်ကောင်း)