ကော့သောင်း ဧပြီ ၁၄
ကော့သောင်းမြို့၏ ၂၀၂၂ ခုနှစ်၊ ယနေ့ သင်္ကြန်အကျနေ့အဖြစ် မြို့သူမြို့သားများ အေးချမ်း ပျော်ရွှင်စွာ ရေကစားကြသည်ကို တွေ့မြင်ရသည်။
ကော့သောင်းမြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် နံနက် (၇) နာရီမှ စတင်၍ နိုင်ငံကျော်အဆိုရှင်များ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ ရပ်ကွက်အလိုက် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ယိမ်းအကအဖွဲ့များ၏ ဧည့်ခံကပြသီဆိုဖျော်ဖြေမှု အစီအစဉ်များအား မြို့ နေ မိဘပြည်သူများ၊ လူငယ် လူရွယ်များ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှု အားပေး ရေကစား ကြသည်။
ဌာနဆိုင်ရာ ဖျော်ဖြေရေး ရေကစားမဏ္ဍပ်များဖြစ်သည့် ကော့သောင်းတပ်နယ်ရေကစားမဏ္ဍပ်၊ ကော့သောင်း ရဲတပ်ဖွဲ့ ရေကစားဖျော်ဖြေရေး မဏ္ဍပ်များတွင် မြို့နေပြည်သူများ၊ ရေပက်ခံ ထွက်ကြသူများဖြင့် အေးချမ်းစွာ သင်္ကြန်ပွဲတော်ကို ဆင်နွဲကြသည်။
အဆိုပါ သင်္ကြန်အကြနေ့ ဗဟိုဆုပေးမဏ္ဍပ်၌ ည(၆)နာရီမှ စတင်ကာ ရပ်ကွက် ယိမ်းအက ပြိုင်အဖွဲ့များ၏ အကပြိုင်ပွဲများကို ဆက်လက်ပြိုင်ပွဲဝင်ကပြ ယှဉ်ပြိုင်ဖျော်ဖြေ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်စိုး ( ကော့သောင်း)