မင်းတုန်း ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယမန်နေ့ညနေ ၄ နာရီက ၂၀၂၂ ခုနှစ် (၁၃၈၃ ခု) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းက နှစ်သစ်ကူး မိန့်ခွန်းပြောကြားပြီး မဏ္ဍပ်ဖွင့်ပွဲကို ယိမ်းအဖွဲ့က မန်းတောင်ရိပ်ခို သီချင်းဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ယိမ်းအဖွဲ့များက အကအလှများဖြင့်ဖျော်ဖြေခဲ့ပြီး သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့များတွင် ယိမ်းပြိုင်ပွဲဝင်အသင်းများဖြင့် ရက်အလိုက် ယိမ်းပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖွင့်ပွဲသို့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်အားပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)