သာယာဝတီမြို့၌ ၁၃၈၃ ခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကပြိုင်ပွဲများကျင်းပ

သာယာဝတီ   ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီခွဲက စတင်ကာ သာယာဝတီမြို့၊ ဘောလုံးကွင်းလမ်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင်တွင် ရပ်ကွက်/ကျေးရွာများရှိ ယိမ်းအကသမီးပျို (၅) ဖွဲ့က ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတစ်ပွဲချင်းစီအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက ချီးမြှင့်ငွေ ၅ သောင်းကျပ်စီ ပေးအပ်ခဲ့သည်။

ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲများအား ယိမ်းအကသမီးပျိုအဖွဲ့ (၁၅)ဖွဲ့က သင်္ကြန်အကျနေ့မှစတင်ကာ အတက်နေ့ အထိနေ့စဉ် ၅ ဖွဲ့ စီပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိသော အဖွဲ့များအား သင်္ကြန်အတက်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် ကာလအတွင်း ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်းထားရှိ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သန့်ဇော် (သာယာဝတီ)