မအူပင်ခရိုင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မအူပင်   ဧပြီ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကမ်းနားလမ်း၊ တိုးရွှေဝါခန်းမရှေ့ ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်၊ အတွင်းရေးမှူး ဒုရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့မိမြို့ဖ ဦးဉာဏ်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ မြူမှောင်ဝေကင်း သီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြသီဆိုဖျော်ဖြေ၍ အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)