မိုးညိုမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ

မိုးညို        ဧပြီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မဟာသင်္ကြန်ပွဲတော်ဗဟို ရေကစား မဏ္ဍပ်ရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲထွဋ်အောင်၊ အတွင်းရေးမှူး ရဲမှူးဝင်းကျော်ကျော်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များမှ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေစင်ပက်ဖျန်းပေးကာ အတာသင်္ကြန်အားကြိုဆို၍ မြူမှောင်ဝေကင်းသီချင်းဖြင့်ယိမ်းအဖွဲများက သီဆိုကပြခဲ့ကြပြီး ယိမ်းအဖွဲ့(၁၀)ဖွဲ့က အလှည့်ကျ ဆက်လက်ကပြဖျော်ဖြေပေးခဲ့ကြသည်။

၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့(၁၀)ဖွဲ့ကနေ့စဉ်ယိမ်းအကများ၊ တေးသီချင်းများသီဆိုခြင်း၊ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)