ရေတာရှည် ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဒေသခံပြည်သူများ ပျော်ရွှင်စေရန်၊ စိတ်အပန်းပြေစေရန် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယမန်ညနေ ၅ နာရီ တွင် အမှတ်(၁) ရပ်ကွက် မင်္ဂလာကန်ပတ်လမ်းရှိ လမ်းလျှောက်သင်္ကြန်မုခ်ဦးတွင် ကျင်းပခဲ့သည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်အား ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာသူများဖြင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်