တောင်ငူ ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို တောင်ငူမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးအရှေ့ သံတောင်လမ်းတွင် ယနေ့ ညနေ ၅ နာရီအချိန်က ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က နှစ်သစ်မင်္ဂလာအဖွင့်မိန့်ခွန်း ပြောကြားပြီး ယိမ်းအဖွဲ့ (၈) ဖွဲ့က စုပေါင်းကာ “မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် အကြီးအကဲများက အမွှေး နံ့သာရည်များ အပြန်အလှန် ပက်ဖျန်းခဲ့ကြပြီး ယိမ်းအဖွဲ့များက အကပဒေသာများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားအား စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)