မော်လိုက်မြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅) လုံးနှင့် နွားစာတိုက်(၁) လုံး အမိုးလန်ပျက်စီး

မော်လိုက်       ဧပြီ        ၁3

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ကျိုးကျခဲ့ပြီး နွားစာတိုက်နှင့် လူနေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မြို့မ()အုပ်စု စွယ်တော်ရပ်ကွက်၌ လူနေအိမ်() လုံးနှင့် နွားစာတိုက်() လုံးမှ သွပ်အချပ်ရေ စုစုပေါင်း (၁၂၁ချပ်၊ ဆိုလာ (ချပ် အမိုးလန်ပျက်စီးခဲ့ပြီး အဆိုပါ အမိုးလှန်နေအိမ်များနှင့် သစ်ကိုင်းကျိုးကျနေမှုတို့အား ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကာ ကူညီဖယ်ရှား ရှင်းလင်းပေးခဲ့ကြကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

မော်လိုက်သားလေး