ပိုင်ကျုံ ဧပြီ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေတီဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ (၁၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်ကို လူငယ်လူရွယ်များအား အားကစား စိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင် တတ်လာစေရန်နှင့် စိတ်ဓာတ်ခွန်အား မြင့်မားစေရန် ရည်ရွယ်၍ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ညက ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာ တစ်ခုဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို ပိုင်ကျုံမြို့နယ်အတွင်းရှိ လက်ဝှေ့ဝါသနာရှင် လူငယ်လူရွယ်များ လာရောက်ယှဉ်ကြ ကြောင်း၊ လာရောက်ယှဉ်ပြိုင်ကြသည့် လက်ဝှေ့ ဝါသနာရှင်များကို တာဝန်ရှိသူများတို့မှ ဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ လက်ဝှေ့ပြိုင်ပွဲကို ယနေ့ ညတွင် ဆက်လက်ယှဉ်ပြိုင်သွားမည့် အပြင်(၁၄)ကြိမ်မြောက် ရွှေတီဂုံပုံတူအနှိုင်း မဲ့ဆုပန်ပြည့်စေတီတော် မြတ်ကြီးမြတ်၏ ဗုဓ္ဓပူဇနိယအထိမ်း အမှတ် အဖြစ် ကံစမ်းမဲဖွင့်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လက်ဝှေ့ပြိုင်ပွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများတို့မှ တက်ရောက် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)