မော်လမြိုင်ကျွန်းမြို့နယ်တွင် "ရွှေပိတောက်ရေကစားမဏ္ဍပ်" ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း ဧပြီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်  ၁၃၈၃ ခုနှစ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက် အမှတ်(၁၂)၊ (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်များပူးပေါင်း၍ ရွှေပိတောက်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သပြေခက်ဖြင့် နှစ်သစ်ကူး အတာ ရေစင်ပက်ဖြန်းခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဧည့်သည်တော်များအား  ယိမ်းအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)