ကျောက်ကြီး ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့နံနက်ပိုင်းတွင် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျောက်ကြီး၊ မုန်း၊ နတ်သံကွင်း ဒေသတို့၌ သတ်မှတ်စုရပ်များတွင် ဒေသခံခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရှိန်အဟုန်မပြတ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ အရှိန်အဟုန်မပြတ် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံနိုင် ရေး နယ်လှည့်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား လာရောက်ထိုးနှံရန်၊ ကျန်းမားရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံစာရွက် လက်ဝယ်ရောက်ရှိ ကိုင်ဆောင်ထားရန် လိုအပ်ကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံစာရွက် မရရှိထားပါက ခရီးသွားလာရေးများ၊ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ရာတွင် အခက်အခဲများရှိနိုင် ကြောင်းနှင့် မြို့အဝင် မြို့အထွက် စစ်ဆေးရေး ဂိတ်များထားရှိပြီး ၎င်းစာရွက်ဖြင့် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာရွက်အား ခရီးသွားလာရာတွင်လည်း ကိုယ်နှင့်မကွာ ဆောင်ထားရမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်