ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ငါးသိုင်းချောင်းမြို့၊ မအူကုန်းကျေးရွာအုပ်စုရှိ (သစ်စိမ်းမြေဩဇာ)ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းသို့ရောက်ရှိ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ငါးသိုင်းချောင်း ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်းကျေးရွာအုပ်စုရှိ (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၅)ဧက စိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး ထုတ်လုပ် နေမှု အခြေအနေများကို ကြည့်ရှုမေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းစိုး၊ သက်ဆိုင်ရာမြို့နယ်နှင့် မြို့စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းစိုက် တောင်သူဦးကုသိုလ်တို့က စိုက်ခင်းစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးထုတ်လုပ်မှုများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပြီး ငါးသိုင်းချောင်းမြို့၌ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးသည့် တောင်သူ(၁၂)ဦး/ စိုက်ဧက စုစုပေါင်း ဧက(၂၀)ရှိကြောင်း သက်ဆိုင်ရာမြို့စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)