ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ငါးသိုင်းချောင်း ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမျိုးသားခန်းမ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံမည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများနှင့် မတ်လ (၁၀)ရက်နေ့ ရှေ့ပိုင်းပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားပြီး (ဒုတိယအကြိမ်)ကာကွယ်ဆေး (CoviShield) ထိုးနှံရန် သတ်မှတ်ရက် ပြည့်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာ၌ ဒေသခံပြည်သူများအား ရပ်ကွက်/ကျေးရွာအလိုက် အမည်စာရင်းစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံ ပြီးစီးသူများကို ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းများကို သက်ဆိုင်ရာမြို့အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် စေတနာ့ ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ယနေ့အထိ ငါးသိုင်းချောင်းမြို့၌ ကို ဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူ ဦးရေ (၁၃၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)