ဝေါမြို့နယ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ဝေါ  ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဆင်ရွာကျေးရွာ၊ တာလမ်း၊ အနောက်စု ဘုန်းကြီးကျောင်းအနီးရှိ ဦးဝင်းချို၏ သစ်သား၊ အုတ်ညှပ်၊ သွပ်မိုး၊ နှစ်ထပ်အိမ်သည် ယနေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့  မြစ်ကျိုးနယ်မြေရဲစခန်းမှ ရဲအုပ်ရန်နောင်လတ်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လေးနှင့် ရွာသူ/သားများ၊ မြစ်ကျိုးကျေးရွာ မီးသတ်စခန်းမှ လက်/ထောက် မီးသတ်ဦးစီးမှူး ယိုင်မောင်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည်   မီးသတ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်း စုပေါင်းငြှိမ်းသတ်ရာ နံနက် ၆ နာရီ ၁၀ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။  အိမ်ပိုင်ရှင်ဖြစ်သူ ဦးဝင်းချိုနှင့် မိသားစုဝင်များသည်  ကွင်းထဲ၌ ငါးသွားဖမ်းနေစဉ် နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ စတင် မီးလောင်ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သစ်သား၊ အုတ်ညှပ်၊ သွပ်မိုး၊ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ မီးပေါ့ဆစွာ အသုံးပြုသူ  ဦးဝင်းချိုအား ဝေါမြို့နယ်၊ မြစ်ကျိုးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)