ပန်းတောင်း ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တောင်ဘွေအုပ်စုပဲကြီးအင်းကျေးရွာတွင် ယမန်နေ့နံက်ပိုင်းက ရေအရင်းမြစ်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများ စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးရာတွင် တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာ၌ တောင်သူဦးသန်းဇော်၊ ဦးတင်အေး၊ ဒေါ်စန်းမြင့် ကိုင်းမြေတို့၌ ရေအရင်းမြစ်နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်းပြီး စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)