ပေါက်ခေါင်း ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန် ပြည်-တောင်ငူလမ်း စည်ပင်ရုံးဟောင်းရှေ့တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်လျက်ရှိပြီး ရေကစားခြင်း၊ ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဧပြီလ ၁၃ ရက်နေ့တွင် မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားနှင့် အကျ၊ အကြတ်ရက်နှင့် အတက်နေ့ရက်များတွင်လည်း သင်္ကြန်ယိမ်းအဖွဲ့များက အလှည့်ကျ ကပြ ဖျော်ဖြေခြင်း၊ ရေပက်ကစားခြင်းနှင့် စတုဒီသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)