ပခုက္ကူ ဧပြီ ၁၂
ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာတို့ပူးပေါင်းပြီး ယနေ့နံနက် ၆ နာရီအချိန်က ပခုက္ကူမြိုနယ်၊ ကျွဲတဲကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးသည်။
ပခုက္ကူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့နည်းလာသည်နှင့်အညီ ဆက်လက်ထိန်းချုပ် နိုင်ရေးစည်းကမ်းလိုက်နာကျရန်နှင့် အသက် ၁၈ နှစ်ပြည့်ပြီး တစ်ကြမ်မျှ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများထံ ရပ်ကွက်၊ ကျေးရွာအတွင်း ဆေးထိုးအဖွဲ့များက ကွင်းဆင်းထိုးနှံပေးသည်။
ဧပြီလ ၅ ရက်နေ့မှစ၍ ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေးလျက်ရှိရာ ပခုက္ကူမြို့ အမှတ်-၁၅ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၁၁ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၁၄ ရပ်ကွက်၊ အမှတ် ၁၃ ရပ်ကွက်တို့ရှိ တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသူ တစ်သောင်းခန့်ထိုးနှံခဲ့ကြောင်း၊ ယနေ့နံက်ပိုင်းတွင် ကျွဲတဲအုပ်စုအတွင်း ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံကသိရသည်။
ကိုဇော်(ဓာတု)