ပြည် ဧပြီ ၁၂
နှစ်သစ်ကူးရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလအတွင်း ပြည်မြို့ရွှေဆံတော် စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို ယမန်နေ့ ညဦးပိုင်းက တွေ့ရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်မားနေချိန်ကာလအတွင်း ဘုရားဖူးချိန်အား စည်းကမ်းချက်များနှင့် အညီ ကန့်သတ်ထားရှိခဲ့ပြီး ယခုအခါ ရွှေဆံတော်စေတီတော် မြတ်ကြီးအား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးချိန် ပုံမှန်ပြန်လည်ဖွင့်လှစ် ထားရှိကြောင်းနှင့် ယခုနှစ်သစ်ကူးရုံး ပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလအတွင်း ဘုရားဖူးလာသူများ ပြားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
“ဒီရက်ပိုင်းတွေမှာ ဘုရားဖူးလာသူတွေများတယ်ဗျ။ ဘုရားဖူးချိန်ပုံမှန်ပြန်ဖွင့်ထား တာရယ်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့် အရင်ရက်တွေထက် ဘုရားဖူးပိုများလာတယ်” ဟု ရွှေဆံတော်ဘုရား၌ နေ့/ည ဓာတ်လှေခါး တာဝန်ထမ်းဆောင်သူတစ်ဦးက ပြောကြားသည်။
ကိုဆက်(ပြန်/ဆက်)