ထီးချိုင့် ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားစိတ်ဝင်စားပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာစေရန် ရည်ရွယ်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြတောင် ကျေးရွာ၊ ဖုန်းကုန်းလေးကျေးရွာ၊ မောင်းကုန်းကျေးရွာ၊ ကက္ကုကျေးရွာများရှိ အားကစား ဝါသနာရှင်များအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အားကစားမှူးဦးမင်းထက်မှ မြန်မာ့အားကစား တိုးတက် မြှင့်မားရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်အပြည့်အဝနှင့် သန့်ရှင်းစွာ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး ကစားကြရန်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)