စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင် ကျောင်းတိုက်နှင့် ဒက္ခိဏာရုံကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တု၊ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့် စေတီတော်တည်ထားရန် အလှူငွေဆက်ကပ် လှူဒါန်း

မုံရွာ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်နှင့် ဒက္ခိဏာရုံကျောင်းတိုက်ရှိ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္တုနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများကို အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလုံရပ်ကွက်ရှိ၊ လေးတောင်ပြင်ကျောင်းတိုက် ဓမ္မာရုံတော်တွင် သရက်ပင်ကျောင်းတိုက်၊ ကောင်းမူတော်ကျောင်းတိုက်၊ မြို့ဦးရာကျော် ကျောင်း၊ မသာသရဏဂုံကျောင်းတိုက်များရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းကွမ်း အခက်အခဲ မဖြစ်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လှူဘွယ်ဝတ္တု၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏာရုံ ကျောင်းတိုက် ဓမ္မာရုံတော်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တာဝန်ရှိသူများနှင့်အတူ စံကျောင်းကျောင်းတိုက်၊ မြို့မ ရုပ်စုံကျောင်း၊ မူလအုတ်ကျောင်းကျောင်းတိုက်၊ ကျောင်းကြီးကျောင်းတိုက်များရှိ ဆရာတော်ကြီးများထံ လှူဘွယ်ဝတ္တု၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ပြီး ဒက္ခိဏာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်နေသည့် အေးစေတီရှစ်မျက်နှာ စေတီတော်အတွက် အလှူငွေကျပ် ၁၀ သိန်းအား ဒက္ခိဏာရုံကျောင်း တိုက် ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး စေတီတော်ကြီး တည်ထားနေမှုအား လိုက်လံ ကြည့်ရှု ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)