မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

အထက်မင်းလှ ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ တည်ဆောက်ခဲ့သည့် အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အောက်ဆီဂျင်စက်ရုံအတွင်း အောက်ဆီဂျင်စက် လည်ပတ်ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာ‌ရေး‌စောင့်ရှောက်မှု‌ပေးရာတွင် အောက်ဆီဂျင်လုံ‌လောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံ‌ငွေထောက် ပံ့ပေးမှု၊ မင်းလှမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များ၊ ဒေသခံ ပြည်သူများနှင့် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံအဆောက်အဦ အလျား ၄၈ ပေ၊ အနံ ၂၄ ပေအား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်စက်လည်ပတ်လျက်ရှိရာ တစ်နေ့လျှင်‌‌ အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၈၀ ထုတ်လုပ်‌နိုင်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့်တစ်‌ပြေးညီ ဖြည့်ဆည်းဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရ သည်။

ဇာဇာ(အထက်မင်းလှ)