သံတောင် ဒေသထွက်မန်ကျည်းသီးမှည့်များ ပုံမှန်ဈေးသာရရှိ                         

သံတောင်ကြီး ဧပြီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်မြို့ဒေသခံများသည်  ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသောသူများဖြစ်ကြသည်။ ယခုအချိန်တွင်ဒေသထွက်  သီးနှံတစ်ခုဖြစ်သော  မန်ကျည်းသီး မှည့် ရာသီချိန်ဖြစ်သောကြောင့်  ဒေသခံများသည်  တစ်ပိုင်တစ်နိုင်  မန်ကျည်းသီးမှည့်များ အခွံခွာခြင်း၊ အစေ့ထုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း  သိရှိရသည်။

အဆိုပါ မန်ကျည်းသီးမှည့်များအား အစေ့အတိုင်းသော်လည်းကောင်း၊ အစေ့ထုတ်၍ သော်လည်း ကောင်း နှစ်မျိုးရောင်းချကြောင်း  မန်ကျည်းသီးမှည့်အစေ့ထုတ်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့်  ရရှိ၍   မန်ကျည်းသီးမှည့် အစေ့ပါ တစ်ပိဿာလျှင်  ကျပ်(၁၀၀၀)ခန့်   ရရှိကြောင်းသိရှိရသည်။

ယခုအချိန်တွင် နွေရာသီသီးနှံရှားပါးချိန်ဖြစ်သော်လည်း တစ်ပိုင်တစ်နိုင် မန်ကျည်းသီးမှည့်များ ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်းဒေသခံတစ်ဦး၏  ပြောပြချက်အရ သိရှိရသည်။  

နီလာအေး  (သံတောင်ကြီး)