ကန့်ဘလူ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေး Phase- 9 (နဝမအသုတ်) ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဆေးရုံဟောင်း) ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကို ဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase- 9 ပထမအကြိမ်အဖြစ် ယနေ့အထိ ပြည်သူ ၁၀၃၂၂ ဦးထိုးနှံပြီးကြောင်းနှင့် ယနေ့တွင်မူ မှော်တော်ကျေးရွာနှင့် ပေးကုန်းကျေးရွာတို့တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)