ထီးချိုင့် ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသည့်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ ကြောင်းသိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စည်းမျည်းစည်းကမ်းနှင့်အညီ မိမိတို့နေအိမ်ဝန်းကျင်တွင် အမှိုက်များ ရှင်းလင်းထားရန်၊ မီးဖိုများကို လုံခြုံစိတ်ချအောင်ကာရံထားရန် လျှပ်စစ်မီးအသုံးပြုပါက ပျက်စီးယိုယွင်းနေသော မီးဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများကို အသုံးမပြုကြရန်၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် စသည်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)