မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ မင်းလှမြို့နယ်၌ တိုးချဲ့မြို့ရေပေးရေးစီမံကိန်း၊ ရေစုကန်၊ ရေစက်ရုံ၊ ပွန်တွန်း၊ ထရန်စဖော်မာနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့အား  တက်ရောက်ဖွင့်လှစ်

အထက်မင်းလှ ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက် ၈ နာရီက မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွာရှိ တိုးချဲ့မြို့ရေပေးရေးစီမံကိန်း (ရေစုကန်၊ ရေစက်ရုံ၊ ပွန်တွန်း၊ ထရန်စဖော်မာနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း) ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တိုးချဲ့မြို့ရေပေးရေးစီမံကိန်းဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုးချဲ့မြို့ရေ ပေးရေးရေစက်ရုံရှိ (Control Pannel Box) အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တိုးချဲ့မြို့ ရေပေးရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက တိုးချဲ့မြို့ရေပေးရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်မှု အခြေ အနေအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုးချဲ့မြို့ရေပေးရေးစီမံကိန်း ဆောင်ရွက်ပေးမှု အပေါ် မြို့မိမြို့ဖဦးရဲလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်မှ တိုးချဲ့ မြို့ရေပေးရေးစီမံကိန်းဖွင့်ပွဲတွင် ကပြဖျော်ဖြေပေးခဲ့သည့် အကအဖွဲ့များအား ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူး ဦးထင်အောင်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများအား တိုးချဲ့မြို့ရေပေးရေး စီမံကိန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မင်းလှမြို့ ရုံးရပ်မြောက်ရပ်ကွက်နှင့် တိုးချဲ့ကွက် သစ်ရပ်ကွက်များတွင် တိုးချဲ့မြို့ရေပေးရေးစီမံကိန်းမှ ရေဖြန့်ဝေပေးနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ရပ်ကွက်နေပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိသည့်အတွက် ပျော်ရွှင်နေမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့သည်။

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံမှုရှိစေရန် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွာ၊ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမှ ပင်မရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံနှင့် ရေစုကန်ဆောင်ရွက်ခြင်း၊ ပွန်တွန်းနှင့် မော်တာပန့် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း (GRF)မှ ခွင့်ပြုရန်ပုံငွေ ချထားပေးခြင်းဖြစ်သည်။ အဆိုပါ တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ အိမ်ခြေပေါင်း ၂၈၄၇ အိမ်၊ စည်ပင်ရေတိုင်သွယ်တန်းပေါင်း ၈၅၁ တိုင်၊ အများသုံးရေတိုင်(၄၇)တိုင်၊ ရေနံချက်စက်ရုံ (PIC)မှ သွယ်တန်းသည့် ရေတိုင်‌ပေါင်း ၉၅ တိုင်၊ ပုဂ္ဂလိကစက်ရေတွင်းအပါ စက်ရေတွင်း ပေါင်း ၆၈၄ တွင်း၊ မြင်ကျတောင်မှ ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် ရေတိုင်ပေါင်း ၄၀၀ တိုင် (၁၄.၀၅%) ရေတိုင် စုစုပေါင်း ‌ ၂၄၀၅ တိုင်၊ ရေလွှမ်းခြုံမှု မှာ ၈၄.၄၇% ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဇာဇာ(အထက်မင်းလှ)