ဘောဂလိ ဧပြီ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဘောဂလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ဘောဂလိမြို့နယ် မြေခံရဲစခန်းမှ ဒုတပ်ကြပ်သန်းဇော်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်တို့က ဆွေးနွေးခဲ့ကြပြီး၊ လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးသူက ဘာလုပ် သလဲ၊ လူကုန်ကူးသူကဘယ်လိုလုပ်ဆောင်သလဲ၊ လူကုန်ကူးသူကဘာကြောင့်လုပ်သလဲ၊ လူကုန်ကူးခြင်းအမျိုးအစား၊ လူတွေဟာဘာကြောင့် လူကုန်ကူးခံရသလဲ၊ ဘယ်သူတွေဟာ လူကုန်ကူးသူဖြစ်နိုင်သလဲ၊ အစရှိသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြည်ကြည်ခိုင်
(၀၉၈၉၅၅၁၄၈၁၃)