မင်းလှ ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပရန် အမှတ်(၅) ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနပိုင်မြေနေရာ၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများဆောင်ရွက်မှုဖြင့် သင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲပြုလုပ်ခြင်း၊ ယိမ်းအဖွဲ့များကပြဖျော်ဖြေခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ သီချင်းများ သီဆိုဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)