ကလိန်အောင် ဧပြီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး တောင်သူများအနေဖြင့်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကာ ကလိန်အောင်မြို့တွင် မိသားစု တစ်နိုင်တစ်ပိုင်ခရမ်းပင်များ စိုက်ပျိုးပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ခရမ်းပင်သည် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် ငါးပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် ရေသွင်းပေးပြီး အပင်ငယ်ချိန်တွင် မြေဆွပေး၍တစ်လတစ်ခါ အပင်ခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့အခါ အပင်အားတိုးဆေးနဲ့ ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့ အခါရက်ခြားခူးပြီးရောင်း၍ရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချလို့ရကြောင်း ရောင်းဈေးအနေဖြင့် တစ်စီးလျှင် ငွေကျပ် ၃၀၀ မှ၅ဝ၀ ကျပ်အထိ ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် ၃၀၀ စိုက်ပျိုးထားသည့် ဦးဇော်လေးက ပြောပြသည်။
ခရမ်းစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ “စိုက်ပျိုးတဲ့အခါမှာအပင်အသေအပျောက်မရှိအောင်လို့ ခရမ်းမျိုးစေ့တွေကို အရင်ပျိုးထောင်ပြီးမှ သန်မာတဲ့အပင်ရွေးပြီး စိုက်ပျိုးတာပါ” ကျွန်တော်စိုက်ထားတဲ့ ခရမ်းမျိုးကတော့ ခရမ်းအပြာမျိုးဖြစ်ပါတယ်။ ပျိုးသက်တစ်လသားအရွယ်မှာ မြေပြင်ထားတဲ့ အခင်းထဲကို ပြောင်းရွှေ့စိုက်ပျိုးပါတယ် ယခုနွေရာသီတွင် ခရမ်းပင်စိုက်သူများသည် ခရမ်းသီးများ ထွက်နှုန်းများပြီး ရောင်းအားလည်းကောင်းသောကြောင်း မိသားစုနေ့စဉ် ပုံမှန်ရရှိကြောင်း ခရမ်းစိုက်တောင်းသူ ဦးဇော်လေးကပြောပြသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)