သဲကုန်း ဧပြီ ၁၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဲကုန်းမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ခြေ(၃၂)လုံးနှင့် လူ(၈၂)ဦး၊ အင်းမမြို့ရှိ မိုးကြိုးသင့် သေဆုံးသူ တစ်ဦးနှင့် အိမ်ခြေ(၁၃)အိမ်နှင့် လူ(၃၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဘိုးငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နေ့လည်က သဲကုန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးသောင်းရွှေ၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး တို့က ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်းမမြို့ကျေးသာအုပ်စု၊ ရေတာရှည်ရွာမှ မိုးကြိုးထိသေဆုံးသူအား ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်၊ အင်းမမြို့လေဘေးသင့် အိမ်ခြေ(၁၃)လုံးနှင့် လူဦးရေ(၃၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဘိုးငွေ(၅၉၉၃၀၀)ကျပ်၊ သဲကုန်းမြို့အတွင်း လေဘေးသင့်အိမ်ခြေ (၃၂)လုံးနှင့် လူဦးရေ(၈၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဘိုးငွေ (၁၀၇၇၂၀၀) ကျပ်အား လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်